ချစ်သူ..
စိတ်ကူးယဉ်အတွေးထဲမှာတော့....
လိုတိုင်းတ ရနေနိုင်ခဲ့ပါတယ်....။
ပစ္စုပ္ပါန်ကချို့ တဲ့လွန်းတော့...
တကယ့် အနာဂတ်မှာ....
တို့ ဘ၀တွေ ချိုမြိန်နိုင်ပါ့ မလား....။
မင်းအကြောင်းတွေးမိရင်....
ရင်မောရတာ အခါခါပါပဲ....
ပွင့်လင်းလွန်း ဖော်ရွှေလွန်းတဲ့မင်း....
သူစိမ်းတွေကြားမှာ.....
ပြုံးရယ်နေခဲ့ရင်....
တိုးတိုးတိတ်တိတ်နဲ့  စိုးထိတ်နေခဲ့ တာ
မင်းတစ်ယောက် သိမှာမဟုတ်ဘူးလေ....။
တစ်နေ့  … မင်းငါ့ကို ခွဲသွားမှာလား....
တစ်နေ့  … မုန်းသွားမှာလား...
တစ်နေ့  … မချစ်တော့ဘူးဆိုတဲ့စကား...
မင်းနှုတ်ဖျားက ထွက်ပေါ်လာမှာ
ငါ အကြောက်ဆုံးပါပဲချစ်သူရယ်....။
သိပ်ချစ်ခဲ့မိတော့လည်း....
စိတ်ညစ်စရာတွေအစီအရီနဲ့ ....
ဒါပေမယ့်  …
မင်းအပါးကနေ
တစ်ဖ၀ါးမှ မခွါချင်ခဲ့တာ အသေအချာပါ..။
ခုချိန်မှာ …
တစ်ခနတာဝေးနေကြတာ....
တစ်နေ့  … အနီးကပ်ဆုံးပေါင်းစပ်ခွင့်ရဖို့ ...
ပေးဆပ်နေခြင်းလို့ 
မင်း .. မှတ်ယူပေးပါ....။
ခွဲနေတုန်းခနမှာ.....
လမ်းခွဲဖို့  ....
မင်းဘက်က......
မကြိုးစားမိပါစေနဲ့ 
အချစ်အဖျားတက်နေတဲ့ ငါ့အတွက်...
ဆေးတစ်ခွက်က မင်းပဲရှိပါတယ်....။
တို့ နှစ်ယောက်...
ဝေးများသွားခဲ့ရင်....
ငါသေနိုင်တယ်ချစ်သူရယ် …။
လမ်းခွဲဖို့ ကြိုးစားမိရင်....
ပျော်ရွှင်ခဲ့ရတဲ့ .....
တို့ နှစ်ယောက်အတိတ်တွေပြန်စဉ်းစား....
မင်း ..
ငါ့ အနားကို....
ပြန်လာဖြစ်အောင်
ပြန်လာခဲ့ပေးပါချစ်သူရေ…။
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။