Ads (728x90)

pCloud Premium


ခမ်းနားလွန်းတဲ့ အိမ်မက် ....
ငါမက်နေသလား....
အချစ်အဖျားတက်နေတဲ့ ငါ့အတွက်....
အကြင်နာဆေးတွေတိုက်ကျွေးနေလို့ ...
ငါ...
  ဘ၀င်များလေဟပ်နေသလား...။

ပိုင်ဆိုင်ထားမိတဲ့ မင်းကို....
မလွှတ်တမ်း...
ဖက်ထားလိုက်ချင်တယ်....
ငါ…
ထာဝရ ကံကောင်းသူဖြစ်ချင်လို့ ...။

ဂုမ္ဘာန်တစ်ထောင်ဝိုင်းရံထားတဲ့ ...
နတ်ပန်းများ ရလေသလား...
ငါမှတ်သားခဲ့ မိတာ....
 မင်းက...
 အလှထိပ်ထားတစ်ဦးပဲလေ...။

ရန်သူတွေဝိုင်းရံထားတဲ့ ....
ဒီပန်း...
ငါလှမ်းပြီးမှတော့  ...
ထာဝရနမ်းသွားတော့ မှာပါ....
မြတ်နိုးလွန်းစွာနဲ့ ....။

သြော်…. 
ငါ့ လောက်ပျော်တဲ့ သူ....
ဒီကမ္ဘာမှာ ရှိပါဦးမလား…… ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )