Ads (728x90)

pCloud Premium


တိမ်တွေက ငိုချလိုက်တဲ့ မျက်ရည်စက်..
အလွမ်းနေ့ စွဲတွေကို...
ဆွဲဆန့် ထားသလိုပဲ...
ပြန်ဆုံဖို့ ရက်စွဲတစ်ခုဟာ...
ပြက္ခဒိန်ပေါ်မှာ....
 ရှာလို့ မတွေ့ သေးပါဘူး...။
 
ပျံသန်းဖို့ အားယူခဲ့ တဲ့ ...
တောင်ပံတွေမှာလည်း
မျက်ရည်တွေနဲ့ ...
စွတ်စိုလေးလံနေတယ်...။

အချစ်ရေ….
ဘာမှန်းမသိ ..
မျှော်နေရတဲ့ ဘ၀မှာ....
ကိုယ်နဲ့ မင်းက တစ်နေရာဆီ...။

ဒါပေမဲ့ ….
ရင်ထဲမှာ သေခြာခြင်းတွေနဲ့ ...
တုပ်နှောင်ထားတဲ့ ကြိုးစလေး...
တိုးလို့ နှောင်ရစ်ပါရစေ...။

ကြိုလင့် လက်ကမ်းနေမယ့်...
လက်တစ်စုံဟာ....
ပြေးပြန်လာမယ့်..
ခြေလှမ်းတွေအတွက်....
အားဆေးတခွက်ပါပဲ....။

အခုချိန်မှာ...
 ရှင်သန်နေတဲ့ အချစ်သစ်ပင်လေးက...
အလွမ်းပန်းတွေဝေစီ...
ကိုယ့် မျက်ဝန်းမှာလည်း...
မျက်ရည်သီသီဝေ့ လို့ ...
ရင်နင့် အောင်ခံစားရတယ်ကွာ...။

တစ်နေ့ နေ့ မှာ…..
ကိုယ်တို့ ...
ရိတ်သိမ်းနိုင်ရမှာပေါ့...
အဲဒီအလွမ်းပန်းတွေကိုပေါ့ချစ်သူ...။

အဲဒီအချိန်ရောက်ရင်….
အလွမ်းပန်းတွေကို...
 အနမ်း ပန်းနဲ့ ဖုံးအုပ်...
ကိုယ်တို့ ရဲ့ အချစ်ရိပ်မြုံလေးထဲမှာ…..။


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )