Ads (728x90)

pCloud Premium


ကောင်မလေး….
ချစ်ခဲ့တဲ့ အချစ်တစ်ခုကို...
မင်း….
အပြစ်ဖွဲ့ လို့ မပြောလိုက်ပါနဲ့ ....
တကယ်တော့...
ငါ..အရမ်းချစ်ခဲ့တာပါ...။

မင်းလက်ကလေးကိုကိုင်...
မင်းပခုံလေးကိုဖက်...
မင်းနဖူးလေးကိုနမ်းချင်ခဲ့ တာ....
အရမ်းချစ်လို့ ပါ...။

ကောင်မလေး….
ရိုးသွားစွာနဲ့ ဝန်ခံပါရစေ....
အခွင့်အရေးတွေ ယူချင်တယ်လို့ ....
မင်း….
အမြင်တွေ မမှားလိုက်ပါနဲ့ ...
အချစ်ကပေးတဲ့ သတ္တိတွေပါ...။

ဒါတွေကို...
အချစ်က သင်ပေးခဲ့တာပါ....။

ကြင်နာစွာ လက်ကလေးကိုင်...
ယုယစွာ ပုခုံးလေးဖက်
ညင်သာစွာ နဖူးလေးနမ်းခွင့်...

ပြီးတော့ …
ရူးခဲ့ရတဲ့ မင်းအကြင်နာ....
ကဗျာဆန်စွာလိုချင်ခဲ့ တာပါ….။

မင်းတစ်ယောက်အတွက်...
ဘ၀တစ်ခုလုံး ပေးအပ်ထားပါတယ်...
မင်းစိတ်ကြိုက်လုပ်နိုင်ပါတယ်...။

ဒါပေမယ်...
မင်း…
အပြစ်ရှိတယ်ထင်နေတဲ့
ငါ့ နှလုံးသားကိုတော့ ....
ငါကိုယ်တိုင်ပဲစီရင်ပါရစေ...။

ဘာကြောင့်လည်းဆိုရင်…….
မင်းကိုငါ ...
အရမ်းချစ်နေလို့ ပါ……….
ငါ့ နှလုံးသားကို...
ငါကိုတိုင်ပဲ ...
စီရင်ပါရစေ...
ကောင်မလေးရေ…………။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

~*~လွမ်းဝေ(ရွှေဘို)~*~

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥



Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )