ချစ်သူရေ….
ပစ်ခွါချင်လို့ မဟုတ်ပါဘူး
အနှစ်မပါဘူးထင်မှာတော့ စိုးကြောက်မိတယ်
မင်းဘက်က မချစ်ခဲ့ ဖူးဘူးထင်နေမှာပါ
တကယ်တော့  အချစ်အတွက်ရူးနှမ်းခဲ့ တာ
ကိုယ်ကိုတိုင်သာအသိဆုံးပါ…။
မမြင်ဘူးလို့ ....
မူးမြစ်ထင်ခဲ့ သူတစ်ယောက်လို
မင်းကို ....
ကိုယ်အရူးမူးပဲ တွယ်တာခဲ့ မိပါတယ်
အချစ်ဆိုတာကို ရေရေရာရာမသိပေမဲ့ 
မင်းကိုတော့  ...
ကိုယ်တကယ်ချစ်ခဲ့ မိတယ်ထင်ပါတယ်...။
ဒါပေမဲ့ ချစ်သူရေ……
လှည့်စားတတ်တဲ့ ကံကြမ္မာ
မာယာများတဲ့ လောကကြီးကြောင့် 
ကိုယ်တို့ နှစ်ဦးခွဲရတော့ မယ်...။
ရက်စက်တဲ့ ...
လောကဓံတရားဆိုတာကြီးကို မုန်းမိတယ်
ရုန်းထွက်မရတဲ့ အကြောင်းတွေကြောင့် 
မင်းကို....
မုန်းမေ့ ရတော့ မယ် …။
နားလည်ပေးပါချစ်သူရယ်……..
တို့ နှစ်ဦးကံမကုန်ကြသေးရင်တော့ 
ပြန်ဆုံကြီးမယ်ထင်ပါတယ်..။
ခုတော့  ...
မျက်လုံးကိုစုံမှိတ်
တိုးတိတ်စွာ လှည့် ထွက်ခဲ့ ပြီ
ချစ်သူရေ…
နှုတ်ဆက်ခဲ့ ပါတယ်…။
7.9.2010 နေ့ က ( နေပြည်တော်ရောက်တုန်းရေးသားထားပါသည် )
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။