Ads (728x90)

pCloud Premium


မျှော်လင့် ခြင်းအလင်းတန်း ...
ငါလှမ်းလို့ မြင်ရတယ်... မဝေးကွာတဲ့ အနာဂတ်....
 ငါရင်ခြင်းအပ်ထားလိုက်တယ်..။
 
ငါရောက်ချင်တဲ့ ပန်းတိုင် ...
လက်တစ်ကမ်းအကွာမှာ မြင်နေရပြီ...။

ရုတ်တရက်...
 မှောင်အတိကျသွားခဲ့ ပြီ....။

ငါမြင်ခဲ့ တဲ့ အလင်းတန်းက...
ဘယ်ဆီမှန်းမသိ...
ရင်ခြင်းအပ်ထားခဲ့ မိတဲ့ အနာဂတ်က
ငါ့ ရင်အစုံကို..
ခြေကန်ပြီးထွက်သွားပြီ...
လက်တစ်ကမ်းပန်းတိုင်ကလဲ ...
အသူတစ်ရာချောက် ခြား...။

တစ်ဖြည်းဖြည်းတိုက်စား...
 ချောက်ကမ်းနံပါးမှာ...
ငါခြေအစုံကိုရပ်....
 ငါ့ ဘ၀အက်ကြောင်းလောက်
မနက်သည့် ဒီချောက်...
 ငါမကြောက်ဘူးလေ...။

ရှေ့ ကိုခြေတစ်လှမ်း ငါလှမ်းလိုက်ပြီ...
ဟာသွားတဲ့ ရင်....
 စိမ့်အေးနေတဲ့ လေထုထဲ....
ငါအတွေးနဲ့ ဝဲလိုက်တယ်....။

ဒီတစ်ခါတော့ ....
ငါသွားနေတဲ့ လမ်း...
အရောက်လှမ်းတော့ မှာတော့ ...
အသေအခြာပဲလေ….။


28.9.2010
ခေတ္တ နေပြည်တော်
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Saturday, October 23, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )