Ads (728x90)

pCloud Premium


အိပ်မရတဲ့ သန်းခေါင်ယံ
အေးစိမ့်နေတဲ့ ဆောင်းည
ငါ့ ဘ၀အတွက် ရိုးအီနေပြီ..။

ဒီအချိန်ဆို မတွေးပါပဲ
မင်းအကြောင်း...
ခေါင်းထဲမှာ အလိုလိုရောက်ရှိလို့ ...။
 
အိပ်စက်ညတိုင်း
အိပ်မက်တွေထဲမှာအမြဲပါ
အိပ်ပျက်ညတိုင်း
အတွေးအိမ်ကိုအမြဲအပိုင်စီး
မငြီးငွေ့ နိုင်ဘူးလားမသိ...။

အရာရာထက်ကို
ပိုခဲ့မိတာ  ငါ့ အပြစ်လား...။
 
နဂိုကတည်းက...
 စိုခဲ့တဲ့ မျက်ဝန်း
ခုများလည်း မခန်းခြောက်
ဒူးထောက်ပြီး ချစ်ခဲ့ရတဲ့မင်းကြောင့်
ငါ့ ရင်ထဲမှာ အလွမ်းမိုးတွေ
ခုထက်ထိစွေတုန်းပဲလေ…….. ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )