Ads (728x90)

pCloud Premium


ကောင်မလေး…
ရုတ်တရက်မှာ…
အပြုံးတချက်နဲ့ 
ငါ့ နှလုံးသားကို
မျှားတစင်းပစ်လွှတ်ခဲ့ တယ်နော်...။

ရုန်းမထွက်နိုင်တဲ့ ...
အကြည့် တစ်ချက်ကြောင့် ….
အချစ်မျှား စူးစိုက်ခံခဲ့ ရတာပေါ့ ..။

အဲဒါ...
ငါ့ အပြစ် မဟုတ်ပါဘူးနော်…
မျက်စိမရှိတဲ့ အချစ်က
ဆင်ကန်းတောတိုး
မျက်ကန်းတစ္ဆေမကြောက်ပုံစံနဲ့ 
မင်းဆီကိုဇွတ်တိုးဝင်ရောက်ခဲ့ တာပါ...။

အသုံးချပါချစ်သူ...
 ငါ့ နှလုံးသားကို..
မင်းစေလိုရာစေညွှန်းနိုင်အောင်
ပုံအပ်လို့ ပေးလိုက်ပါပြီ...
မင်းလိုသလိုသာ အသုံးချလိုက်ပါတော့ ….။

မုန်းမရပါဘူး…
မင်းဘယ်လိုပင်နှိပ်စက်ပေမဲ့ 
တို့ အပြုံးမပျက်ပါဘူးချစ်သူ…
လိုသလိုသာအသုံးချ…
အသုံးမကျတဲ့ ငါ့ နှလုံးသား…
မင်းရဲ့ အပါး ...
ထာဝရခစားလို့ နေနေလျှက်ပါ….။

ဒီတစ်သက်တော့ ...
ငါ…..
အပြုံးမပျက်ပါဘူး..
ချစ်သူကောင်မလေးရေ….။


ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Wednesday, February 10, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )