Ads (728x90)

pCloud Premium


တစ်ကြိမ်တစ်ခါမက....

အကြိမ်တစ်ရာပြောလဲ....

မင်းနားလည်မှာမဟုတ်ဘူး...

မင်းအနားခစားရတာ....

ငါ့ အတွက်...
ပျော်စရာကမ္ဘာငယ်တစ်ခုပဲ..။
 

ငါ့ ရင်ခွင် ...
တစ်ပါးသူခိုဝင်နေတယ်ထင်သူမင်း

အမှားယွင်းကြီးမှားယွင်းနေပြီ

တုပမရချစ်ခြင်းတွေနဲ့ ....

မင်းအပေါ်ငါ အပြစ်ကင်းခဲ့ ပါတယ်

မာရ်နတ်မင်း....
 တို့ နှစ်ယောက်ချစ်ခြင်းကြား.....
ခိုနားလာတာပါ

ချစ်သူ....

 မင်းသူ့ ကိုကန်ထုတ်လိုက်တော့ ကွာ

အရမ်းမုန်းတီးနေပြီသူ့ ကို

ငါ့ နှလုံးသားကို ....
သုံးစားမရဘူးမထင်လိုက်ပါနဲ့ 

မင်းအတွက်....
နူးညံ့ တဲ့ ချစ်ခြင်းတွေ.....
 ဖန်ဆင်းပေးဖို့ အရန်သင့် ပါပဲ...။
 

တခါတလေတော့လည်း....
 လောကဓံ အလိုကျ

ငါ  ကရတာပဲ....
တစ်နေ့ များတော့ 

မင်း...နားလည်လာနိုင်မှာပါလေ…. ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )