Ads (728x90)

pCloud Premium


ချစ်သူ…..
မင်းဟာ...
ကောင်းကင်က လတစ်စင်းပေါ့ ...
ကိုယ်ကတော့....
မင်းအပါး...
ခစားနေသူ ကြယ်တစ်ပွင့် ...။

မင်းက ကြာတစ်ပွင့် ဆို...
 ကိုယ်က ရေပြင်ပေါ့ ...
ကြာပန်းလေးတင့် တယ်ဖို့ ....
ကိုယ်ကရေပြင်အဖြစ်နဲ့ ...
ပါရမီဖြည့်ပေးမည့်သူပါ..။

မင်းက...
ထိပ်ထားလေးဆို ...
ကိုယ်က တပ်မှူးလေး...
မင်းပါးမှာ ဒူးထောက်ခစား...
လိုအင်ဟူသမျှ ဖြည့်ချင်သူပါ...။

ဖြစ်နိုင်မယ်ဆို...
 ကမ္ဘာတည်သ၍....
မင်းအပါးမှာ ...
ပါရမီဖြည့် ဖို့ ...
ကိုယ် ...
  မင်းအနားမှာပဲ.....
ထာဝရရှိချင်ပါတယ်ချစ်သူ…… ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )