Ads (728x90)

pCloud Premium


online ပေါ်ကကောင်မလေး ရေ…..
စတွေ့ တုန်းက..
hi , hello , how are you ဆိုတာလေးတွေနဲ့  
မိတ်ဖွဲ့ ခဲ့ ကြတယ်နော်...။

အသက်ကိုမေး  နာမည်ခြင်းဖလှယ်
 နေရပ်တွေပေးနဲ့ ခင်မင်မှုစခဲ့ တယ်..။

ဒီလိုနဲ့ ..
နောက်တစ်ရက်
အွန်လိုင်းကိုတက် 
မင်းနဲ့ တွေ့ ပြန်ပီပေါ့ ...။

hi … ဘာတွေလုပ်
 စားပြီးပြီလားဆိုတဲ့ စကားတွေနဲ့  
စကားမရှိစကားရှာ 
ရယ်စရာတွေပြောနဲ့ 
လောကကြီးကို
တဒင်္ဂမေ့ ထားလိုက်ကြတယ်...။
 သြော်…. 
အချိန်တွေဘယ်လိုကုန်မှန်းမသိပေါ့ ...။

အချိန်တွေကြာ
 တွေ့ ပါများလာတော့  
သံယောဇဉ်နှောင်ကြိုးတွေ ထပ်ပိုးလို့  ..။
online မှာ ...
မင်း Account လေးမီးစိမ်းနေရင် 
အရမ်းပျော်ခဲ့ တယ် 
busy မီးနီလေးနဲ့  စကားပြန်မပြောရင်
သ၀န်တိုစိတ် စိုးထိတ်ထိတ်နဲ့  
မင်းမှာ ချစ်သူရှိနေမလား……။

တစ်ရက်ကပေါ့ …
online ကိုရောက် 
မင်းက offline လေးနဲ့ ပျောက်လို့ ..။
နေထိုင်မကောင်း
ဘယ်အကြောင်းကြောင့် 
မင်း online မလာတာလဲ 
စိုးစိတ်ရင်မှာ တိုးတိတ်စွာနဲ့ 
မင်းကို ပူပန်နေမိတယ်လေ…. ။
ဒီလိုနဲ့ ကိုယ်...
 online ကိုနေ့ စဉ်ရောက်
မင်းကတော့ ...
offline လေးနဲ့ ပျောက်တုန်းပဲလေ…..။

မျိုသိပ်မရ ကိုယ့် ဒုက္ခတွေ 
သူငယ်ချင်းတွေတောင်ရိပ်မိကုန်လို့ 
သူတို့ ပြောတယ် 
မင်းကို block ထားပီထင်တယ်တဲ့ ...။

သူတို့ စကား..
စကြားတုန်းက..
 ကိုယ့် ရင်မှာနေဆယ်စင်း 
တစ်ပြိုင်ထဲ ထွန်းလင်းလို့ ပေါ့ ..။

နောက်တော့ ...
ကိုယ်ပြန်စဉ်းစား 
ဒီစကား လုံးဝမဖြစ်နိုင်...။
 နောက်ဆုံးတွေ့ စဉ်
နှုတ်ဆက်စဉ်က 
see u , bye bye
 ပြန်တွေ့ ကြမယ်ပြောပီး 
နှုတ်ဆက်ခဲ့ ကြတာပဲလေ..။

အဲဒီနေ့ က..
 gtalk smile 
ကိုယ်သုံးမိတယ် 
:ilu အဲဒါလေးကို 
အမှတ်မထင်ပေါ့ ...။

သူ့ ကိုချစ်စကား...
 ပြောတာလားတဲ့ ..။
မုသားတွေရော 
ကိုယ်ပြောခဲ့ တာ...
ဒါသုံးနည်းလေး မသိသေးလို့ 
စမ်းကြည့် တာပါလို့ လေ..။
 အဲဒါ....
စတွေ့ စဉ်က
 မင်းပြောဘူးတဲ့ စကား 
ကိုယ်နားထဲ ပြန်ကြားမိလို့ ပါ ...။

အွန်လိုင်းအချစ် 
မစစ်လွန်းလို့ 
မယုံဘူးဆိုတာကိုလေ..။
 အဲဒီတုန်းက...
ကိုယ်ကလဲပဲ
 ၉၉% ရာခိုင်နှုန်း 
လုံးလုံးမှမယုံပါဘူး 
အားကျမခံ ပြန်ပြောခဲ့ မိတယ် ..။

ခုတော့  ….. 
ဒီတခါ online မှာ 
မင်းအကောင့် လေး မီးစိမ်းလာရင်
စိုးရိမ်အလွမ်းနဲ့  
လက်ချိုးရေထားတဲ့  
မင်း Account offline ရက်တွေပြန်ပြောရင်း ....
မင်းကို ....
:imu ( i miss you )
:ilu ( i love you )
:kiss ဆိုတာလေးတွေ နဲ့ 
မင်းကို ချစ်စကားအတည်တကျလေး
 ပြောဖြစ်အောင် 
ကိုယ်ဖွင့် ပြောလိုက်တော့ မယ်
 လေလှိုင်းထဲက ချစ်သူကောင်မလေးရေ ……. ။
( 17.9.2010 ) နေ့ ရေးသည်
ခေတ္တ >> နေပြည်တော်

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )