Ads (728x90)

pCloud Premium


ဘာတစ်ခုမှမသိတော့ …..
ပြောင်းလဲမှုတွေနဲ့ ပစ္စုပ္ပါန်...
ပျောက်ဆုံးသွားခဲ့ရတဲ့ အတိတ်တွေ....
မရေရာတော့တဲ့ အနာဂတ်...
ကွက်လပ်များစွားနဲ့ ရင်ဘတ်...
နင်ကျေနပ်လို့ လာမယ်ဆိုရင်တောင်
ငါခွင့်မပြုနိုင်ဘူး.....။

နားလည်ပါ...
ရူးသွပ်မှုတွေနောက်ကွယ်က...
နှောင်းနောင်တတွေ အကြောင်း....
ငါ့ထက်....
 နင်နားလည်မှာမဟုတ်ဘူး...။

အချစ်တခုအတွက်နဲ့ ...
မရူးမိုက်ချင်နဲ့ ....
တကယ်ဆိုအချစ်က အရေးမကြီးဘူး...။

ဘ၀တခုလှပဖို့ ...
 အချစ်က....
အဓိကဇာတ်ကောင် မဟုတ်ဘူး
အရံတစ်ယောက်ပဲ...။

ငါ့ကို နှလုံးသားမဲ့ အချစ်မရှိဘူး
စွပ်စွဲမှုတွေနဲ့ ....
 မထိုးနှက်လိုက်ပါနဲ့ ...
ကျိုးပဲ့နေတဲ့ ရင်ဘတ်တစ်စုံမှာ
အချစ်ဆိပ်တွေအပြည့်ပဲ...။

မွန်းကျပ်မှုတွေနဲ့ ....
 အသက်ရှူခက်လို့ ....
နင့်ကို...
  ငါ့အနားမလာနဲ့ လို့ ....
ပြောတာပါချစ်သူ….. ။



Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )