Ads (728x90)

pCloud Premium

စင်ယော်တောင်မျက်ခုံး
ရှက်ပြုံးလေးနဲ့ မင်းအကြည့်
ကိုယ့်နှလုံးသားထိငြိတယ်...။
တွယ်တာနှောင်ကြိုးတွေနဲ့ 
ထပ်ပိုးလို့ ရစ်ချည်တယ်
မင်းပါးပြင်ကသနပ်ခါး
နှာဖျားလေးအပ်ခဲ့ စဉ်က
မွှေးပျံ့ နူးညံ့ အထိအတွေ့ 
ကိုယ်မေ့လို့ ရတော့မယ်မထင်တော့ဘူး...။

ကိုယ့် ရင်ခွင် ခိုဝင်တုန်းက
မင်းနှလုံးခုန်သံတွေနဲ့ 
ကိုယ့် ရင်ခုန်သံစည်းချက်
တေးထပ်တစ်ခုလို အသာယာဆုံးပေါ့...။

နှင်းဆီဖူးအလား...
မင်းနှုတ်ခမ်းပါးက
ကိုယ့်ကို...
ချိုမြိန်ခြင်းတွေပေးခဲ့ တယ်..။

ချစ်သူ …..
ဒီတစ်သက်လုံး
မင်းကို.....
ဘယ်တော့မှ...
မေ့တော့မည်မထင်…..

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )