ချစ်သူရေ….
ငါ့ရဲ့ နှလုံးသားလေးအတွက်....
မင်းရဲ့ ချစ်ခြင်းတွေ.....
ထာဝရရှင်သန်ပေးပါ....။
မင်းပေးလိုက်တဲ့ပျော်ရွှင်မှုတွေက...
ငါ့ အတွက်...
အိမ်မက်တစ်ခုဖြစ်မယ်ဆိုရင်တောင်....
ငါ့ အတွက်...
နိုးထခွင့်ကို ထာဝရအဖြစ်....
ရုတ်သိမ်းလို့ ပေးခဲ့ ပါချစ်သူ….။
ချစ်သူရေ….
မင်းပေးခဲ့တဲ့ကြင်နာခြင်းတွေဟာ...
ဟန်ဆောင်ခြင်းသက်သက်ဖြစ်ခဲ့တယ်ဆိုရင်...
ငါမသိအောင် ထာဝရလျှို့ ဝှက်လို့ .....
ဖုံးကွယ်ပေးထားပါလားချစ်သူ….။
ချစ်သူရေ….
တဒင်္ဂ အခိုက်အတန့် အတွင်းမှာ
ပျော်ရွှင်မှုများစွာ ဖန်တီးပေးခဲ့တဲ့မင်းကို....
ငါ့ဘ၀ရဲ့  ထာဝရဖန်ဆင်းရှင်အဖြစ်.....
ငါ.....
သတ်မှတ်လို့ ထားလိုက်ပါရစေ ချစ်သူ….။
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။