Ads (728x90)

pCloud Premium


ချစ်သူ….

မင်းကိုပေးမယ့်...
ချောကလက်အရသာက....

နူးညံ့ ချိုမြပါတယ်...   
ဒါပေမယ်…..

ကိုယ့် နှလုံးသားမှာဖြစ်ပေါ်လာတဲ့ ....

ချစ်ခြင်းတွေလောက်....
ချိုမြိန်ခြင်းမရှိဘူးနော်……။
 

ချစ်သူ……

မင်းကိုပေးမယ့် ပန်းတစ်ပွင့်က

လတ်ဆတ်မွှေးပျံ့ ပါတယ်... 
 ဒါပေမယ့် ……

မင်းကိုချစ်တဲ့ ကိုယ့် အချစ်လောက်...

ဂုဏ်သတင်းမွှေးပျံ့ ခြင်းမရှိဘူးနော်….။
 

ချစ်သူ…..

မင်းကိုပေးမယ့် တီရှပ်လေးက...

မင်းကိုလှပနွေးထွေးစေမှာပါ ...  
ဒါပေမယ့် …..

ကိုယ့် ရင်ခွင်လောက်တော့ 

လုံခြုံနွေးထွေးစေမှာ မဟုတ်ဘူးနော်….။
 

ချစ်သူ…..

အဲလောက်ဆိုရင်....
 လက်ဆောင်တွေထက်....

ကိုယ်က.... 
မင်းအတွက်ပိုကောင်းတဲ့ ....

လက်ဆောင်တစ်ခုဆိုတာ

မင်းသိဖို့ လိုတယ်နော်….. ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )