Ads (728x90)

pCloud Premium



ကောင်မလေးရေ….. 
စတွေ့ တုန်းကပုံရိပ်လေးတွေ...
ခုထိမမေ့ နိုင်ဘူး...။

မင်းအပြုံးတွေမှာ...
 မမုန်းစေတဲ့ ဆေး..
ခတ်ထားတယ်ထင်ရဲ့ ...
လှုပ်ရှားမှုပုံရိပ်တိုင်းက...
 တစ်သက်မမေ့ စေနိုင်ဘူး...။

မင်းအလှအောက်မှာ...
ပန်းပေါင်းစုံ ဒူးထောက်ခစားစေနိုင်တယ်...။

ညှို့ ချက်ပြင်းမျက်လုံးတွေက...
 ကိုယ့်နှလုံးသားကို...
 မျှားတစ်စင်းလို....
စူးစိုက်စေခဲ့ တယ်...။

 ရူးသွပ်လောက်တဲ့ ..
ရင်ခုန်မှုတွေ....
အချိန်တိုင်းပေးလို့ ...
 မင်းကို စံပေးလိုက်မိပြီ...။

ကိုယ့် ရင်ကို...
လှုပ်ခါစေနိုင်သူ နောက်တစ်ယောက်....
မရှိနိုင်လောက်ဘူးထင်ခဲ့ သူ...
 ကိုယ့် အမှားပေါ့ ...။

မင်း လှုပ်ရှားမှုပုံရိပ်တိုင်း...
မှတ်တမ်းတင်မိတဲ့ ကိုယ့်အဖြစ်...။

ခိုးကြည့် တာမိသွားရင်...
 တိုးထိလာတဲ့ ရင်ခုန်သံတဒိတ်ဒိတ်နဲ့ ...
ရှက်ပြုံးလေးပြုံးမိတယ်....
 သြော်….
ကိုယ့် အဖြစ်...
တစ်ကယ် မလွယ်ပါလား…..။

ပန်းလေးတစ်ပွင့်လို....
 ယုယစွာ နမ်းရှိုက်ခွင့် ရချင်ပေမဲ့ ....
မင်းရှေ့ ရောက်ရင် ဆွံ့ အစေလို့  ...
ကိုယ့် နှုတ်ဖြားက...
ချစ်စကားလေးတွေ....
 ဖွင့် ဟလို့ မထွက်ဘူးလေ..။

ဥယျာဉ်မှူးတစ်ယောက်လို...
 အလှကြည့်နေချင်ပေမယ့်....
ချူချင်သူတွေ ၀ိုင်းရံနေတော့...
ကိုယ်ကိုတိုင်ပဲ...
အမြတ်တနိုး..
ခူးဆွတ်ပါရစေ...။

 ဆွံ့ အသူ ကိုယ့်ဘက်ကို....
ကိုင်းညွှတ်လို့ ပေးပါတော့ လား
ချစ်သူ ကောင်မလေးရေ…။

24.9.2010
ခေတ္တ နေပြည်တော်
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Saturday, October 23, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )