Ads (728x90)

pCloud Premium


ချစ်သူရေ…. 
အတွေးတွေထဲမှာရောက်နေတာ
 မင်းပုံရိပ်တွေပါ...။

နားထဲမှာကြားနေတာ....
မင်းရယ်သံလေးတွေ....။

လေအဝေ့မှာပါလာတဲ့ ပန်းရနံ့ တွေက
မင်းကိုယ်သင်းရနံ့ လေးကိုမမှီဘူး... ။

ကိုယ့် ရှေ့ ကဖြတ်လျှောက်သွားသူတွေကလဲ
မင်းလောက်မယဉ်ပြန်ဘူး...။

ကြားနေရတဲ့ စကားသံတွေလဲ...
 မင်းအသံလောက် မချိုသာဘူး...။

စားရတဲ့ အရသာတိုင်းလဲ....
 မင်းနဲ့  အတူစားတုန်းကလောက်
အရသာမရှိပြန်ဘူး...။

မင်းရှိနေတုန်းက...
ဘာလုပ်လုပ် အမှားအယွင်းကင်းပေမဲ့ ..
ခုတော့ ...
အမှားအယွင်းတွေချည်းပဲ ..။

ချစ်သူရေ….
 ပြေးမြင်လှည့် ပါကွာ....။

မင်းရှိမနေတာ....
 တစ်ခြမ်းပဲ့ ရင်ခွင်နဲ့ 
ဘ၀တစ်ပိုင်း သေနေသလိုပဲ...
အရာရာမှာ...
ပြီးပြည့် စုံမှုမရှိတော့ ဘူး…..။

ခုတော့ ………
ဂုဏ်ဒြပ်တွေချောင်မှာထိုး...
 ခေါက်ရိုးကျိုးမာနနဲ့ .....
မင်းရှေ့ မှောက်ဒူးထောက်ဖို့ ...
အရန်သင့် ပါပဲ...။

တစ်ချိန်က...
တွယ်ရစ်ဘူးတဲ့ ....
 သံယောဇဉ်နှောင်ကြိုးလေး.....
မပြတ်သေးဘူးဆိုရင်....
 ခွင့် လွှတ်ခြင်းတွေရင်မှာပိုက်.....
ဒီကောင်အမိုက်ဆီကို...
 ပြန်လာခဲ့ ပါတော့ လားချစ်သူရယ်….။


7.9.2010 နေ့ က ( နေပြည်တော်ရောက်တုန်းရေးသားထားပါသည် )
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Tuesday, September 14, 201

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )