Ads (728x90)

pCloud Premium


အနာဂတ်ကို ကဗျာစပ်လို့ ကြည့်မိတယ်
အရာရာထက်ပိုလွန်းတဲ့ စိတ်ကူးတွေနဲ့ ...။
 
မိုးကောင်းကင်ကလမင်းတောင် ရင်ခွင်ထဲဆွဲသွင်း
အေးမြခြင်းတွေ ဆောင်ကျဉ်းခဲ့ ပေါ့ ...။

ကန္တာရကိုလက်ခုပ်ထဲထည့်
ပင်လယ်ပြင်ကိုမွှေနှောက်လို့ သွန်
ကမ္ဘာကြီးကိုဇယ်တောက်
ဘယ်ခြေထောက်နဲ့ နေမင်းကိုကန်
ညာလက်နဲ့ လေကိုဖမ်းဆုပ်ကိုင်ပေါက်
လူတွေကို ဇယ်တောက်သလိုဆော့ကစား
ခုများတော့.....
စိတ်ကူးနဲ့ တင် ကမ္ဘာကြီး
ဂျွမ်းထိုးမှောက်ခုံဖြစ်လို့ ပါလား...။

ဟား  ဟား ဟား  ကဲ………..
ဘာတတ်နိုင်သေးလဲကမ္ဘာကြီးရေ…… ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )