Ads (728x90)

pCloud Premium


မေမေ….
တမ်းတလို့ နေမိပါတယ်...
ရင်ခွင်နွေးနွေးလေးထဲမှာ...
 တစ်မှေးလောက်အိပ်စက်ခွင့်...
သား……. 
အရမ်းပဲလိုချင်မိပါတယ်မေမေ…။

မေမေ…..
လောကဓံနဲ့ လူတွေကြား....
နေစရာ...
 သားအတွက်ရှားပါတယ်...
ငြိုငြင်ခြင်းကင်းမဲ့ ...
 ကြင်နာခြင်းများစွာနဲ့ 
မေမေ့ အေးရိပ်နဲ့ အိမ်ကလေးထဲ....
အမြန်ပြေးပြီးတော့သာ...
 ခိုလှုံလိုက်ချင်တယ်…။

မေမေ…..
တစ်ချိန်က...
 အာခံခဲ့ တဲ့ သား ...
ခုများတော့ ....
မေမေ့ စကား...
နာကြားချင်နေပါပြီ...
ကိုယ့် အတွက်ကိုမကြည့်.... 
သားအတွက်ဆိုတာပဲသိတဲ့ မေမေ.....
ငယ်စဉ်ကတည်းက....
 မကောင်းမှုပြင်....
 ကောင်းမှုလေးတွေသင်လို့ ....
လိုအင်ဟူသမျှ...
 ပြီးပြည့် စုံစေခဲ့ တဲ့ မေမေ.....
ခုများတော့ ......
တစ်ကယ်လိုအပ်လို့ နေပါတယ်...
 မေမေရယ်….။


မေမေ….
ကျေးဇူးတရား....
အလွန်ကြီးမားလို့ .....
သည်ကျေးဇူးတွေ....
 မမေ့ဘူးဆိုတာ....
 သိရလေအောင်.....
သား…
ပြန်လာချင်ပြီမေမေ...။

ဒါပေမယ့်…..
အတောင်ရှိလျှက်....
 ဆန့် ထုတ်ရခက်နေတဲ့ ...
အဖြစ်ပါ မေမေရယ်.....။

ဇရာကထုထောင်းလို့ .....
ပါးရေတွေတွန့် ....
အိုမင်းခြင်းဒုက္ခတွေ...
ခံစားနေရမဲ့ အဖြစ်.....
ဒီအချိန်....
 မေမေ့ အနား....
ခစားနေခွင့် မရှိတဲ့ ....
သားအဖြစ်က....
ဆို့ နင့် လို့ နေပါတယ်...။

မေမေရယ်….
တစ်နေ့ များတော့ …..
မေမေ့ အပါး ...
တစ်ဖ၀ါးမှမခွါပါပဲ...
 မေမေ့ ကျေးဇူးတွေဆပ်ဖို့ ....
သား....
 ပြန်လာခဲ့ ပါမယ်မေမေ…. ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )