Ads (728x90)

pCloud Premium


ချစ်သူရေ …….
တို့ နှစ်ယောက်ရင်ခုန်သံ...
ကာရန်မညီလေတော့ 
ကဗျာပြန်သီလို့ မဖြစ်နိုင်ဘူး...။
 
အနီးကပ်ဆိုးပေမယ့်... 
၃ နဲ့  ၄ လိုကျောခိုင်း...
အမုန်းတံတိုင်း ကာရန်ထားတယ်...။

တစ်ချိန်တုန်းကတော့...
ရင်ခုန်သံစည်းချက်တွေနဲ့ ...
အချစ်သီချင်းတွေ သီကျူး
ပျော်မြူးခဲ့ကြတာ...
တို့ နှစ်ယောက်ပဲလေ...။

ခုများတော့   …….
ဝေးကွာခြင်းမိုင်တိုင်တွေနောက်
ခြေရာတွေကောက်နေခဲ့တာ.... 
ဘာကြောင့်လည်း ချစ်သူ...။

ကိုယ်ကမင်းအတွက်...
အသုံးမလိုတော့တဲ့....
စွန့် ပစ် ပစ္စည်းတစ်ခုများ...
ဖြစ်နေပြီလား...။

အခြေမခိုင်.... 
ယိမ်းယိုင်နေတဲ့ နှလုံးသား...
မင်းစွန့် ပစ်သွားရင်တော့....
တစ်သက်လုံး ....
သုံးစားလို့ မရတော့ မှာ
အသေအခြာပါပဲ ချစ်သူရေ….။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )