Ads (728x90)

pCloud Premium


ချစ်သူလေးရေ…….
ရင်မှာတိတ်တခိုး.....
 ကြိတ်ပိုးချစ်ရ ကိုယ့်ဘဝ
တကယ် မလွယ်ပါဘူး...။

အမှတ်တကယ်မြတ်နိုးပေမယ့်
ထပ်တိုးချစ်ဖို့ ကိုယ်မရဲပါဘူး...။

ဖွင့်ထုတ်ရခက် ချစ်စကားတွေနဲ့ 
မင်းရှေ့ ရောက်ရင်ဆွံ့ အ.....
 ညွှတ်ကျချင်နေတဲ့ဒူးတွေ
ခူးမလွယ်တဲ့ပန်း ....
ကိုယ်မလှမ်းတော့ပါဘူး...။

ဥယျာဉ်မှူး တစ်ယောက်လို အလှကြည့် 
အနားထိမတိုးပဲ ....
စိတ်ကူးထဲကပဲ မင်းကို
အချစ်ရေစင်သွန်းလောင်း...
ပန်းပေါင်းစုံတွေထဲ
မင်းတစ်ယောက် ပျော်မြူးနေရင်ကိုပဲ
အဝေးကနေ ကိုယ်ကျေနပ်  
နေတတ်စွာနဲ့ ပဲ ....
 နေသွားတော့မယ်
ကိုယ့်ချစ်သူ ကောင်မလေးရေ …… ။


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )