Ads (728x90)

pCloud Premium


ကောင်မလေး ...
လုပ်ရက်တယ်ကွာ...  
ညှို့ ချက်ပြင်း မင်းအလှအောက်
ဒူးထောက်ခဲ့ တဲ့ ကိုယ့် ရင်ခုန်သံတွေ..။

ပြီးတော့ ....
မင်းပေးခဲ့ တဲ့ အကြင်နာတွေနဲ့ 
ကမ္ဘာငယ်လေးတစ်ခုလို
ပျော်မွေ့ နေခဲ့ တဲ့ ကိုယ့် အဖြစ်..။

ရိုးသားစွာနဲ့ မင်းအပါးမှာကိုယ်
 ခစားလို့ နေခဲ့ တာပါ
ဘာကြောင့် စွန်ပစ်ခဲ့ ရတာလဲ..။

မင်းဖျက်ဆီးသွားလို့  
ပျက်စီးသွားခဲ့ တဲ့ 
ရင်အစုံကိုကြည့် လှည့် စမ်းပါ
ရစရာဆိုတာဗလာနတ္ထိ
အနာဂတ်မရှိတော့ တဲ့ ကိုယ်ဖြစ်နေပီ...။

ဒီလိုမှန်းသိ...
မင်းမရှိတဲ့ ကမ္ဘာမှာလူဖြစ်ခဲ့ ပါရဲ့ 

ခုတော့....
နွေကန္တာအလယ် ခြေဗလာနဲ့ လျှောက်ခဲ့ ရပြီပေါ့ ...။

ဒါတောင်...
ယုံကြည်ခြင်းတွေချိုးဖောက်
မိုးကောင်ကင်ကိုမှောက်ခဲ့ တဲ့ မင်းကို 
စိတ်မနာနိုင်ခဲ့ ဘူး...။

ခုချိန်ထိ...
 ဒဏ်ရာရနှလုံးသားကို 
အလွမ်းဆေးရည်တွေစိမ်
မျှော်လင့် ခြင်းခန်းမထဲမှာ 
ထာဝရသိမ်းဆည်းထားတယ်
ကိုယ့် ရင်ဘတ်ပြတိုက်ထဲမှာပေါ့  ……။

4.10.2010
ခေတ္တ နေပြည်တော်

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )