Ads (728x90)

pCloud Premium


ချစ်သူ……
ကံကြမ္မာလှည့်စားနေတာပါ
အဲဒါကြောင့်...
မင်းနှလုံးသားခြစားနေတာ
မသေချာတဲ့ အနာဂတ်.....
 ငါမကျေနပ်ဘူး.....
အသေသတ်ချင်သတ်သွားတော့ ကွာ..။

မင်းမယုံကြည်တဲ့ ....
ငါ့ ချစ်ခြင်းက....
အပြစ်ကင်းစင်နေတာပါ...
ဘာကြောင့်...
အမုန်းတွေနဲ့ စစ်ခင်းနေရတာလဲ...။

မပျော်ရွှင်လဲ...
ပျော်ရွှင်ချင်တဲ့ တို့ ဘ၀နှစ်ခုအတွက်
 ပေးဆပ်နေတာပါ
တစ်နေ့ နေ့ တော့....
 မင်းနားလည်လာမှာပါ...။

ခုများတော့...
ခြစားနေတဲ့ နှလုံးသားနဲ့ 
အမုန်းမီးလောင်တိုက်သွင်း...
စစ်ခင်းချင်နေတဲ့ မင်း...
ရပ်တန်းကရပ်လိုက်ပါတော့...။

ငါ့ နှလုံးသား...
 ခံနိုင်အားမရှိတော့ လို့ ပါ…… ။


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )