Ads (728x90)
pCloud Premium
ကောင်မလေးရေ…..
ဘ၀အမောတွေ ငါပြောလို့ 
မင်းနားလည်နိုင်ပါ့ မလား
ငါနိမ့် ကျတယ်လို့ 
ဘယ်တုန်းကမှ မတွေးခဲ့ မိဘူး ...။
အရာရာတွေစတေး ငါပေးဆပ်ချင်ပါတယ်
ဒါပေမဲ့  .....
ငါ မပြည့်စုံသေးဘူးလေ….။
နှလုံးသားစေရာဒီဇာတ်လမ်းအတွက်
ငါမင်းကိုလက်မကမ်းရက်ဘူးကောင်မလေး
လိုတိုင်းတရနိုင်တဲ့ မင်းက ငါ့ ဘ၀ထဲမှာ
ဇာတ်လမ်းလှနိုင်မှာမဟုတ်ဘူးလေ...။
အရာတိုင်းမနိမ့် ကျပေမဲ့  
ငါ့ ဘ၀က မင်းအတွက်
အမိုးအကာတွေ မဲ့ နေတုန်းပဲလေ...။
ဖြစ်နိုင်ရင် မင်းကိုကမ်းလင့် မဲ့ ငါ့ လက်နှစ်ဖက်
ရွှေလက်တောင်ဖြစ်စေချင်ရဲ့ ….။
အချစ်နဲ့ ဘ၀ လက်တွေကျရင်ဆိုင်ဖို့ ခက်ခဲတယ်
နှလုံးသားအရေးဦးဏှောက်နဲ့ တွေးတာပဲကောင်းပါတယ်
တကယ်ချစ်ရင် ဆယ်နှစ်လောက်စောင့် ပါဆိုရင်
မင်းစောင့် နိုင်မယ်မထင်ဘူးနော်……။
ဒီကောင်ကိုချန်သွား တစ်ပါးသူရင်ခွင်
မင်းခိုဝင်ချင်ရင်တောင်
 အပြစ်မဆိုပါဘူး
ငါ့ ဘ၀က.....
 ပြည့်စုံမှုမှ မရှိသေးတာပဲလေ...။
ကြည်ဖြူစွာနဲ့ မင်းဘ၀လေးလှပနေတာကို
မုဒိတာပွားပေးနေမှာပါ 
ဒါပေမဲ့ လို့  ….
ငါ့ နှလုံးသားလေးကတော့  ငိုကြွေးလို့  နေမှာ
အသေအခြာပဲလေ….။
22.9.2010
ခေတ္တ နေပြည်တော်
Post a Comment
Blogger Disqus
blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။
pCloud Premium
Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )