Ads (728x90)

pCloud Premium


မဟူရာညမှာ…..
နှလုံးသားဟာ ကုန်းရုန်းပြီးထ
အလွမ်းတို့  စီချင်းထိုးပြီးကနေတာ...။

တောက်……….
ကြည့်ရတာကို အရမ်းမုန်းတယ်
မင်းကိုဘယ်သူက အရှုံးပေးလို့ လဲ...
‘အရှုံးပေးရင် နှလုံးအေးတယ်’ ဆိုတဲ့ 
ဆောင်ပုဒ် ငါ့ အတွက်မဟုတ်ဘူး….။

မင်းကိုငါ အနိုင်တိုက်မယ်...
ရှိသမျှအင်အားတွေကိုစုစည်းပြီး
ညာဘက်လက်ဆီကို တွန်းပို့ လိုက်တယ်...။

အဲဒီအလွမ်းဆိုတဲ့  ကောင်ကို
ဂုတ်ကနေဆွဲပီး ထိုးထည့်လိုက်တယ် ကဲကွာ.....။

ဂွမ်း……….
ဆိုတဲ့ အသံနဲ့ အတူ
ကျွန်တော့်ဆီကို ....
လူတစ်ယောက်ပြေးလာတယ်
ဆိုင်ရှင်ဦးလေးကြီးပါ ...
ဘာဖြစ်တာလဲတဲ့....။

ကျွန်တော်စိတ်ကူး အယဉ်လွန်ပီး
ဖန်ခွက်ကိုလက်သီးနဲ့ ထိုးမိလို့  ကျကွဲသွားတာပါ
ဦးလေး ဆောရီးပါဗျာ….
သူ့ ကိုတောင်းပန်ပြီး...
 ကျွန်တော်ပြောင်းပြန်လှည့်ထွက်ရင်းနဲ့ ....
သူ့ ကိုစကားတစ်ခွန်း လှမ်းပြောခဲ့တယ်...။

ဦးလေး....
ဖန်ခွက်ဖိုးပါပေါင်းမှတ်ထားလိုက်ဦး လို့ ...။

ရီဝေနေတဲ့ မျက်လုံးတွေနဲ့  ….
မင်းကိုပြင်းပြင်း ပြပြ ...
သတိရနေမိတယ်ကွာ....။

မင်းအကြောင်းစဉ်းစားရင်းနဲ့ ...
 စူးရှရှ ဘီယာရနံ့ လေးသင်းလို့ ...။

ချစ်သူ………..
ငါမင်းကိုအရမ်းလွမ်း.......
ဗွမ်း…..
ဘာလဲဟ.....
လန့် ပီးအောက်ကို ငုံ့ ကြည့် လိုက်တော့...
ကျွန်တော်...
ရေမြောင်းထဲရောက်နေတာပါ...။

တောက်…………
ငါ့ ကိုတော်တော်ဒုက္ခပေးတဲ့ အလွမ်းပဲ …။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

~*~လွမ်းဝေ(ရွှေဘို)~*~

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )