Ads (728x90)

pCloud Premium


ချစ်သူ….
လမ်းခွဲရတော့မယ်
ဝမ်းမနည်းကြေးလို့ ပြောချင်ပေမယ့်
ရှိုက်ငိုနေတဲ့ ကိုယ့်နှလုံးသားကြောင့်
ဖုံးဖိလို့ မရနိုင်တော့ဘူး
အစကတည်းက...
ဒီလိုဖြစ်မယ်ဆို....
မဆုံဖြစ်ခဲ့ကြရင် ကောင်းမယ်...။

ခုများတော့...  
လှည်းစားတတ်တဲ့ ကံကြမ္မာ
မာယာများစွာနဲ့ လုပ်ရက်ခဲ့ပြီ
တို့ နှစ်ယောက်...
ပြန်ဆုံနိုင်ဖို့ လမ်း....
မျှော်မှန်းလို့ တောင်မမြင်ဘူး
အရူးတစ်ပိုင်းနဲ့ စိတ်တွေကို.....
 ကြိတ်ဖြေလို့ လဲ မပြေနိုင်ဘူး...။

ချစ်သူရယ်…..
တစ်ခဏတာ တွေ့ ဆုံခြင်းက
တစ်ဘ၀စာ ပြည့်စုံခြင်းလို....
 ပြီးပြည့်စုံ စေခဲ့ပါတယ်...။

ဒါပေမယ့် …
သေရာပါ ဒဏ်ရာတစ်ခုက
နှလုံးသားနုနုထက်မှာ.... 
ထင်ကျန်သွားခဲ့ပြီလေ……။



Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )