Ads (728x90)

pCloud Premium


မိန်းကလေး....
 မင်းကြောင့်....
အိပ်ပျက်ညတွေများခဲ့ ပြီ...။

 ဒါတွေအရင်ကပါ....
 အထင်ကရဖြစ်စရာ..
အတိတ်မှာမြှုပ်နှံထားလိုက်ပြီ...။

ဟိုအရင်လို...
 ရင်ခုန်သံမြန်တတ်တဲ့ နှလုံးသားက...
ခု ပုံမှန်ရင်ခုန်သံနဲ့ ....
ရှင်သန်နေပီလေ...။

 တစ်ချိန်က…
ကိုးကွယ်ရာအချစ်....
 သေစေလိုညွှန်း...
သေ၀ံ့ သူတစ်ယောက်ပါ...။

ခုတော့...
နှလုံးသားကိုရာထူးချ....
 ဦးဏှောက်ကို...
တရားသူကြီးခန့် ထားလိုက်ပြီ....။

ငါ... အရင်လို...
 ရူးသွပ်သူတစ်ယောက်မလုပ်တော့ ဘူး...
မချစ်တတ်သူတစ်ယောက်မဟုတ်သလို....
 အချစ်ငတ်သူတစ်ယောက်လဲ...
မဟုတ်တော့ ပြန်ဘူး ...။

ရိုးသားစွာဝန်ခံရရင်...
 နှလုံးသားတစ်နေရာမှာတော့ ....
မင်းကို...
 နေရာအခိုင်အမာ
 ပေးထားလိုက်ပြီးသားပါ...။

တစ်ပါးသူ....
 နေချင်ပါတယ်ဆိုရင်တောင်...
နေစရာ ငါမပေးတော့ ပါဘူး ...။
 
ယုံထားလိုက်ပါ....
အရင်လို....
 တီတီ တာတာစကားတွေမပြော...
 အကြင်နာအယုယတွေမပေးတော့ လို့ ...
မင်းစိတ်ပျက်မသွားပါနဲ့ ...။

 တရားသူကြီးဆုံးဖြတ်ရာ....
ပုံစံပေးအတိုင်းနေပေးနေလို့ ပါ....။

 အချိန်တန်ရင်.....
 ကိုယ့် နှလုံးသားပိုင်ရှင်က မင်းပါပဲ ...။

အချိန်ကာလတွေ ရွေ့ လျားသလို....
တစ်နေ့ တစ်ခြား...
မင်းပြောင်းလဲသွားမှာကိုပဲ..
 စိုးရိမ်မိပါတယ်...။

ကိုယ့်ဘက်က....
 ရှေ့ ရေး အနေမဝေးရအောင်...
တိုးတိုးတိတ်တိတ်လေး...
ကြိုးစားနေတာပါ ...။

မင်းဘက်က...
နားလည်မှုတွေ မဝေးစေချင်ဘူး...။

မိန်းကလေးရေ…
တစ်ချိန်က...
နှလုံးသားခြင်း နီးကပ်စွာရှိခဲ့ တာပဲ...
 ရင်ခုန်သံစည်းချက်တွေတောင်...
အတူတူနားထောင်ခဲ့ ဘူးတယ်...။

 အဲဒီတော့  ….
တစ်နေ့ ..
ပေါင်းစပ်ဖို့ အရေး..
ရှိသေးတယ်ဆိုတာ..
 မေ့ မပေးပါနဲ့ ...။

ဘ နဲ့ ဝ ဆိုတာ...
 နှစ်လုံးပေါင်းမှ...
 ဘ၀ဆိုပီး ပီပြင်တာပါ...။

ခု...
 ငါ့ ဘ၀လဲ...
 မင်းနဲ့ ပေါင်းမှ...
 ပိုပီးပီပြင်လာနိုင်မှာပါ
 မိန်းကလေးရေ…..။


20.9.2010 နေ့ ရေးသည်
ခေတ္တ နေပြည်တော်
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Saturday, October 23, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )