Ads (728x90)
pCloud Premium
အဖြူရောင်လေး…..
တို့ နှစ်ယောက်စတွေ့ စဉ်က...
ဖြူစင်ခြင်းအစစ်....
သူငယ်ချင်းအဆင့် ထက် မပိုခဲ့ ကြဘူး...
ရင်ခုန်ခြင်းအနာဂတ်...
ကြိုမသိခဲ့ မိတော့ ....
တစ်ကယ်ကို...
ရိုးသားခြင်းတွေနဲ့ ....
အဖြူရောင်မြစ်တစ်စင်း...
စီးဆင်းခဲ့ ကြတယ်...။
အနီရောင်လေး….
တဒင်္ဂအတွေးတစ်ခု....
 ဦးဏှောက်မှာစီးချင်းထိုး...
နှလုံးသားထိ...
တိုက်ခိုက်လာခဲ့ တယ်....
ရဲ့ ရင့် ခြင်းတွေနဲ့ ....
တစ်ဆင့် တိုးဖို့ ...
တပ်လှန့် လာခဲ့ ပြီ....
မင်းအတွက်နဲ့ ...
နှလုံးသွေးတွေစီးဆင်း...
အနီရောင်မြစ်တစ်စင်း ...
အရှိန်အဟုန်ပြင်းလာခဲ့ ပြီ...။
ပန်းနုရောင်လေး…..
ဖြူစင်ခြင်းမြစ်ကမ်းနံပါးမှာ...
တို့ …
ရပ်ကြည့် ယုံပဲ...
တတ်နိုင်ခဲ့ တယ်.....
အနီရောင်မြစ်တစ်စင်း...
စီးဆင်း လာခဲ့ လို့ ...
အဖြူရောင်မြစ်လဲ...
ပန်းနုရောင်သန်းသွားခဲ့ ပြီ...။
ကဲ….
သူငယ်ချင်းလေးရေ....
မြစ်နှစ်စင်း...
ပူးပေါင်းခြင်းကြောင့် ...
ဒီမြစ်ရေကို....
မင်း ...
 သောက်သုံးလို့ ဝံ့ ပါဦးမလား....
တို့ ကတော့...
ကြိုသိနေပါတယ်...
ပေါင်းစည်းခြင်း သင်္ကေတကိုလေ….။
Post a Comment
Blogger Disqus
blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။
pCloud Premium
Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )