Ads (728x90)

pCloud Premium


ကောင်မလေးရေ……

အချိန်တွေကို..
ပြောင်းလဲလို့ ရရင်..

နာရီတွေကို ...
လှည့် ပစ်လိုက်ချင်ရဲ့ ...။
 

ကောင်မလေးရေ…….

လွမ်းဆွတ်မှုတွေကို..
ဖြေဖျောက်ဖို့ ရာ...

အနမ်းတစ်ပွင့် ...
လိုအပ်လို့ နေတယ်..။
 

ကောင်မလေးရေ……

ရာသီတွေကို...
ပြောင်းလဲလို့ ရရင်...

ပြောင်းပြန်လှည့် ပစ်လိုက်ချင်ရဲ့ ...

ပြောင်းလဲလို့ မရတဲ့ ...
နာရီတွေ...
 ရာသီတွေ...

ဒီအလွမ်းတွေ...
 ကိုယ်ဘယ်လို....
ခါးဆီးလို့ ခံရပါ့ မလဲ..။
 

အေးမြတဲ့ ဆောင်းရာသီက....

ရင်ပူနေတာကို...
ဖြေဖျောက်မပေးနိုင်ဘူး....

ကုန်လွန်စေချင်တဲ့ ...
နာရီတွေကလဲ ....

မကုန်ဆုံးနိုင်သေးဘူး...

ဟူး…. 
ရင်မောလိုက်တာကွာ…..။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )