Ads (728x90)

pCloud Premium


တိတ်ဆိတ်တဲ့ ည....
 မှုန်ပြပြမီးရောင်အောက်
လှပသူလေးတစ်ယောက် 
ကိုယ့် ရှေ့ မှောက်မှာပေါ့ 
တူနှစ်ကိုယ်တွဲရက်မို့  
ရင်ခုန်သံစည်းချက်တွေတောင်
မမှန်တော့ ဘူးထင်ပါတယ် 
လက်တကမ်းအကွာမှာ 
မင်းရှိနေတယ်လေ...။

ရီဝေတဲ့ အပြုံးနဲ့ ကိုယ်ပြုံးပြတယ်
မင်းကတော့ မတုန်မလှုပ်နဲ့ ပေါ့ ...။

လေအဝေ့ မှာပါလာတဲ့  
မင်းကိုယ်သင်းရနံ့ လေးက
ကိုယ့် ကိုမူးယစ်သွားစေလောက်တယ်
ကိုယ့် စိတ်တွေထိန်းချုပ်လို့ မရတော့ ဘူး..။

လိုနေတဲ့ အာသာတစ်ခုအတွက် 
မင်းခါးလေးကို ကိုယ့် လက်နဲ့ 
စွေ့ ကနဲပွေ့ ဖက်လိုက်တယ်..။
 
ပြီးတော့ ....
ကိုယ်တို့ နှုတ်ခမ်းခြင်းထိတွေ့ လိုက်ကြတယ်
ချိုမြိန်ခြင်းတွေ ကိုယ့် ကိုယ်ထဲ စီးဝင်လို့ သွားကြပြီ...။

ကဲ ….. 
မင်းဘာတတ်နိုင်သေးလဲ
မင်းကို ရင်ခွင်ထဲဆွဲသွင်း ငါမိုးလင်းတဲ့ အထိ
အိပ်ပစ်လိုက်တော့ မယ်..။

 အဟဲ …..
ရင်ခွင်ထဲကအရက်တစ်ပိုင်းဖိုးတော့ မိုးလင်းမှ
သူငယ်ချင်းကို ရှင်းခိုင်းတော့ မယ် တာ့ တာ
ခုတော့ အိပ်ပီ….. ။ :P

~!~လွမ်းဝေ~!~
19.10.2010
ခေတ္တ နေပြည်တော်
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Saturday, October 23, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )