သိပ်ချစ်မိခဲ့ပါတယ်ချစ်သူ…..
စိတ်ညစ်စရာဆိုတာမရှိခဲ့ချင်တာအမှန်ပါ...
အရာရာကိုစတေးပြီးချစ်ခဲ့ပေမယ့်....
ပေးဆပ်ခွင့်မပြုခဲ့တဲ့မင်းကြောင့်...
ငါ့နှလုံးသားလေး စူးနင့်ခဲ့ရပြီပေါ့ …။
မင်းကိုတွေ့ ရင်....
ချစ်တယ်ဆိုတဲ့စကား.....
အကြိမ်ထောင်သောင်းမကအောင် ပြောခဲ့ ပေမဲ့ ..
ပြင်းထန်စွာ ငြင်းဆန်ခဲ့တဲ့မင်းကြောင့်...
ငါ့ နှလုံးသားလေး....
မှောင်မိုက်တဲ့ညသန်းခေါင်အလယ်....
အခန်းအိုလေးရဲ့ ထောင့်လေးမှာ....
ငိုကြွေးလို့ နေလေရဲ့  ……။
တကယ်တော့ချစ်သူရယ်....
ငါဟာ မလိမ်ညာတတ်တဲ့သူတစ်ယောက်ဆိုတာ....
မင်းမေ့လို့ နေပြီထင်ပါရဲ့  …။
ဝန်ခံပါတယ်.....
မင်းအရင်ချစ်ခဲ့ဖူးသူ ရှိခဲ့ တယ်ဆိုပေမယ့်...
ငါ့ နှလုံးသား.....
ရှင်သန်နိုးထလာအောင်.....
လုပ်နိုင်ခဲ့ တာ
မင်းတစ်ယောက်ပဲရှိပါသေးတယ်….။
မင်းနဲ့ ကျမှ...
အရာရာကိုစတေးပြီး.....
ပေးဆပ်ဖို့ ကြိုးစားမိတာပါ.....
ဒါပေမယ့်လေ....
မင်းဆီက....
မယုံဘူးဆိုတဲ့ စကားတစ်ခွန်းကြောင့်....
အမြင့်ဆုံးကိုတက်နေသူတစ်ယောက်...
ထိပ်ဆုံးရောက်ခါနီးပါမှ....
အောက်ဆုံးကို...
ပြန်တွန်းချ ခံလိုက်ရသလို ....
ငါ ခံစားခဲ့ရတယ် ချစ်သူ....။
ငါ ....
ဇွဲတော့မလျှော့ပါဘူး…..
အချိန်အခါမဟုတ်....
ရွာတတ်တဲ့မိုးနဲ့ တောင်.....
လိုက်ပြီးငိုကြွေးတတ်တဲ့
ငါ့ရဲ့ နှလုံးသား တစ်ခုအတွက်...
ငါဆက်ပြီးကြိုးစားနေပါတယ်....။
မင်းဆီက.....
ချစ်တယ်ဆိုတဲ့စကား.....
မဟုတ်ခဲ့ရင်တောင်....
ယုံတယ်ဆိုတဲ့ စကားလေးနဲ့ တင်....
ငါကျေနပ် နေမိမှာပါ...။
ဒါပေမယ့်ချစ်သူ…
ခုချိန်မှာတော့....
မိုးရာသီရဲ့ အလယ်....
အဲဒီမိုးစက်လေးတွေနဲ့ ......
အတူတူ လိုက်ပြီးတော့
ငါ…
ငိုကြွေးလို့ နေဆဲပါပဲလေ…….။
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။