အရမ်းချစ်ခဲ့ဖူး ပါတယ်….
သို့ ပေမယ့်…
နှလုံးသားက....
ဘယ်လောက်ပဲ ဆန္ဒရှိနေပါစေ.....
ဦးနှောက်က.....
မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ပေးခဲ့ တယ် ....။
ရင်ခုန်သံစည်းချက်တွေ....
မှားယွင်းခဲ့ တာ ငါပဲလေ....
ကာရန်တွေညီဖို့ အတွက်......
မင်း ....
ငါ့ ဘက်မှာ ရှိမနေခဲ့ဘူး....။
မင်းအကြောင်းတွေးမိရင်....
ဆို့ နင့်လာတဲ့ ....
ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းက
အောင့်သက်သက်ဝေဒနာနဲ့ ....
မွန်းကျပ်တဲ့ အသက်ရှူမှုတွေကို...
မင်းတစ်ယောက်က....
မသိနိုင် ခဲ့ဘူးလေ....။
သိက္ခာဆယ်လို့ မရတော့တဲ့.....
ရင်ခုန်သံတွေ....
ဆင်သေကိုဆိတ်ရေနဲ့ ဖုံးသလို.....
ငါ့ အသိုင်းအ၀ိုင်းကြားမှာ.....
ဟိုနားကပေါ် ဒီနားကပေါ်နဲ့ .....
ငါ့ ….
မနေတတ်အောင်ပါပဲ ချစ်သူရယ်….။
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။