Ads (728x90)

pCloud Premium



ငါဟာ ပန်းပျိုးသူတစ်ယောက်မဟုတ်ပါဘူး 
အချစ်မျိုးစေ့ လေးကိုတော့ အမှတ်မထင် စိုက်ပျိုးခဲ့ မိတယ်
 နှလုံးသားခြံဝန်းလေးထဲမှာပေါ့ ...။

ရေလောင်းပေါင်းသင်မရှိပါပဲနဲ့ သန်မာထွားကြိုင်းလို့ 
ယုံကြည်ခြင်းသစ်မြစ်တွေကအခိုင်အမာနဲ့ 
သံယောဇဉ်နွယ်ကြိုးတွေအထပ်ထပ်ရစ်ပတ်ထားတဲ့ ဒီသစ်ပင်ကို
လုပ်ရက်သူမင်းမိဘသစ်ခုတ်သူအသိင်းအ၀ိုင်းက
မာနတွေနဲ့ ခုတ်ထစ် ပကာသနတွေနဲ့ မြေလှန်ပစ်လိုက်ပြီလေ...။

ဂုဏ် မမက်သူမင်းက သံယောဇဉ်နွယ်ကြိုးလေးနဲ့ 
ယုံကြည်ခြင်းသစ်မြစ်တစ်ခုကိုဖုံးကွယ်ပေးထားခဲ့ လို့ ကျေးဇူးပါ
အဲဒါ ကိုယ့် အချစ်သစ်ပင်ရဲ့ ရေသောက်မြစ်လေးပါ
ရက်စက်သူတွေလုပ်ရက်လို့ လဲကျနေပေမဲ့ 
မင်းကြောင့် ကိုယ့် အချစ်သစ်ပင်လေး ဆက်လက်
ရှင်သန်နေဦးမှာပါ အဲဒီအတွက် မင်းကို
ကျေးဇူးအထူးတင်ရှိပါတယ် ချစ်သူ……..။

1.10.2010
ခေတ္တ နေပြည်တော်
ရေးသားသူ => ~!~လွမ်းဝေ~!~ 
ထည့် သည့် အချိန် Saturday, October 23, 2010

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )