Ads (728x90)

pCloud Premium


အချစ်ဆိုတာ…..
ဖွင့်ထုတ်မပြပဲ သိနိုင်တယ်တဲ့
နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာ
ဝုန်းဒိုင်းကျဲနေတဲ့ မီးတောင်တစ်ခု
စိတ်ကူးတွေနဲ့ ပစ်လွှတ်နေတဲ့ စကားလုံးမျှားတွေ
တကယ်တမ်းလက်တွေ့  မင်းရှေ့ ရောက်ရင်
ကွယ်ပျောက်ကုန်တယ်...။

သံစဉ်ချိုတွေတီးခတ်ချင်ပေမယ့်...
ဂစ်တာကြိုးပြတ်နေတဲ့ ကိုယ့်အဖြစ်..။

ကဲ ….. 
ချစ်သူ..
ကိုယ့်ဘက်က ဖွင့်ထုတ်မပြတဲ့ အချစ်တွေ
မင်းသိရှိနားလည်နိုင်ပါ့မလား...။

မပြောပဲသိနိုင်တယ်ဆို....
ကိုယ့်နှုတ် ဆွံ့ အမှုကို.....
 မင်းနားလည်နိုင်ပါ့မလား...
မင်းသိတယ်ဆို... 
  နားလည်ပါတော့ ချစ်သူရယ်….. ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )