Ads (728x90)

pCloud Premium


အလင်းမဲ့ အမှောင်ခန်းထဲ...
ယောင်ယမ်းလို့ ဖမ်းဆုပ်မိတယ်
တိုးလာတဲ့ လေလေးတွေကြောင့်
နိုးလာတဲ့အဖြစ်....
 ခြေဖျားတွေတောင်အေးစက်လို့ ....။

ပြတင်းတံခါးကြားက ...
ထိုးကျနေတဲ့ အလင်း
လမင်းဆီကပေါ့...
နာရီကိုပြန်ကြည့်
သန်းခေါင်ယံအတိပဲရှိသေးတယ်...။

ဟူး………
 ရောက်လာပြန်ပြီ မင်းအကြောင်း
ပြန်မှိတ်မရ မျက်ဝန်းထဲ...
လှုပ်ရှားဆဲမင်းပုံရိပ်....
 မဖိတ်ခေါ်ပဲ ရောက်လာပြန်ပြီ...။

အိပ်ပျော်နေချိန်....
တဒင်္ဂပဲ မေ့လို့ ရတယ်...
ကျန်တဲ့အချိန်တိုင်း ....
အနိုင်ပိုင်းနေခဲ့တာပဲ...။

သတိရတယ် ချစ်သူရယ်…..
နှလုံးသားအတွက် ...
အားဆေးတစ်ခွက် လိုအပ်နေတယ်...။

လွမ်းဆွေးခြင်း ဝေဒနာအတွက်
ကမ်းလင့်မယ့် လက်နှစ်ဖက်ဆီ
ပြေးထွက်လို့ လာချင်ပြီကွာ...။

အချိန်တံတိုင်းတွေကာဆီး
ငါငြီးငွေ့ နေပြီ ....
ပြန်လာချင်ပြီချစ်သူရယ်……… ။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )