Ads (728x90)

pCloud Premium


ချစ်သူ…..
တို့ နှစ်ယောက်ဘ၀က
မျဉ်းပြိုင်နှစ်ခုလိုပဲလား
တာထွက်တူပေမယ့်  အနားသတ်မညီဘူး...။
 
တူညီမျှတဖို့ ...
 ဆုံမှတ်က ဝေးတုန်းပဲ
အရာရာထက်ပိုလွန်းခဲ့ သူ 
ကိုယ့်အပြစ်လား...။

ကိုယ့်ဘ၀ကို အရောင်တွေဆိုး...
ဝိုးတ၀ါးအိမ်မက်တွေနဲ့ ချော့သိပ်
နိုးထလာတဲ့ အတိတ်တွေ
အိမ်မက်ဆိုးတွေလို နှောင့်ယှက်
ကိုယ့် ဘ၀အတွက်...
 အိပ်ပျက်ညတွေပဲဖြစ်...။

ကာလာတွေမညီတဲ့ ကြားက
မင်းပေးထားတဲ့....
 စုတ်ချက်ကြမ်းဒဏ်တွေခံစား
ကိုယ့် နှလုံးသား အမှောင်ခန်းထဲမှာ
တိတ်တဆိတ်ကြေကွဲ...
ငိုပွဲတွေပဲ ၀င်နေတယ်လေ ……. ။


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )