Ads (728x90)

pCloud Premium


တစ်ခါတစ်လေ....
 ဖြစ်ချင်ရာဖြစ်...
စွန့် ပစ်ခြင်းခံနှလုံးသားတစ်ခု...
ပိုင်ဆိုင်ထားသူတစ်ယောက်လို
ကြမ္မာဆိုးတွေ ပူးကပ်နှောင့်ယှက်
ရင်ဘတ်ကြီးနဲ့ မဆံ့တော့တဲ့ဒဏ်ရာတွေ
သေရာပါတော့မယ့် အမာရွတ်တွေလိုပဲ
ဖျောက်ဖျက်လို့ မရနိုင်တော့ ဘူး...။

မျက်ရည်မိုးတွေ ရွာသွန်းလို့ 
မျက်လုံးထဲကပင်လယ်တွေတောင်...
 ခန်းခြောက်တော့ မယ်...
မေ့ဆေး မပေးပဲ....
လွဲချော်ခြင်းဓားချက်တွေနဲ့ 
ခနတိုင်း ခွဲစိတ်ခဲ့လို့ 
နှလုံးသားတစ်ခုလည်း ...
ရစရာမရှိတော့ ဘူး..။

ကြံကမ္မာခွဲစိတ်ဆရာဝန်ကို အရမ်းမုန်းမိတယ်
သူ့ ကြောင့် ဒီနှလုံးသား...
ပွဲလည်မတင့်တော့တာ...။

ရူးမိုက်ခဲ့တဲ့ချစ်ခြင်း....
အပြစ်မကင်းဘူးထင်လို့ 
ငြိမ်ခံနေခဲ့တာ...
 ငါ့ အမှားတွေလည်းပါမှာပါ...။

ကဲ  ….  
ချစ်သူရေ  …
မင်း ငါ့နှလုံးသားကို...
ဆွဲယူပွဲထုတ်မယ်ဆို
သတိတော့ နည်းနည်းထားပေးပါ
နှလုံးသားမှာ...
ဒဏ်ရာတွေနဲ့ မို့  ...
ဖွဖွလေး ကိုင်ပေးပါလို့ လေ ….။



Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )