Ads (728x90)

pCloud Premium


အပြုံးနဲ့ မင်းမျက်နှာလေးကို
 ပြန်မြင်ယောင်နေမိတယ်...။
 
ချိုမြိန်တဲ့ မင်းနှုတ်ခမ်းပါးလေးကို
တမ်းတမိတယ်...။

ဆည်းလည်းသံလို 
မင်းရယ်သံလေးတွေ 
နားထဲစွဲနေတယ်..။

ရုန်းထွက်မရ ညှို့ မျက်လုံးအကြောင်းစဉ်းစားမိရင်
ရင်ခုန်နှုန်းတွေမြန်လို့ 
တမ်းတစိတ်တွေ ပိုဖြစ်မိတယ်..။

အတူပျော်ခဲ့ တဲ့ ရက်တွေပြန်စဉ်းစားတယ်
ရင်မှာကြည်နူးစိတ်တွေယိုဖိတ်လို့ ...။

ပြဿနာတက်ခဲ့ တဲ့ ရက်တွေအကြောင်း 
စဉ်းစားမိတယ်
ခုတော့ ...
အဲဒါလေးတွေပြန်တွေးရင်း ပြုံးမိတယ်...။

အရမ်းချစ်တဲ့ တို့ နှစ်ယောက်အတွက်..
ပြန်ပြောတိုင်း...
ရယ်စရာလေးတွေအဖြစ်နဲ့ ပေါ့ ...။

 ခုတော့ ...
လွမ်းနေတယ်ကွာ
တစ်ခဏတာ ခွဲခွါခြင်းတံတိုင်း 
ကာဆီးထားလို့ ပေါ့ ...။

နှစ်ကိုယ်တူ တည်ထောင်ထားတဲ့ 
အချစ်တိုင်းပြည်ဆီ
မျှော်မှန်းလို့ လွမ်းမိနေတယ်...
 ပြန်လာချင်ပီကွာ...။

ကျန်နေသူမင်းရော...
 အလွမ်းမင်းသမီးလေးအဖြစ်နဲ့ 
နေနိုင်ပါရဲ့ လား....။

 ရွှေပြည်တော် မျှော်လို့ ဝေးနေတဲ့ ကိုယ်တော့ 
အလွမ်းဒဏ်တွေ 
တိုးတိုးလို့ ခံနေရပြီကွာ...။

ကိုယ့် နှလုံးသား ....
တမန်တော် တပ်မှူးလေး
မင်းအပါးမှာ...
ခစားလို့ ကျန်ခဲ့ တယ်နော်...။

မင်းကိုယ်စား....
 ကိုယ်ပွားတွေကတော့ 
ကိုယ်စိတ်ခံတပ်ကို 
အမြဲချိုးဖောက်ဝင်ရောက်
အတွေးနန်းတော်ကို 
အမြဲသိမ်းပိုက်ထားတယ်...။

ဒူးထောက်လက်မြှောက်အရှုံးပေး...
အလွမ်းမင်းသားလေးအဖြစ်နဲ့ 
ကိုယ်ဘာမှ မတတ်နိုင်ခဲ့ ဘူး...။

အလွမ်းမင်းသမီးလေး 
မင်းဆီကိုပြန်ရောက်ရင်...
အနမ်းမျှားတွေ တရစပ်ပစ်လွှတ်ပီး 
ကိုယ့် ရင်ခွင် ဆောင်နန်းကြားမှာ 
ထာဝရသိမ်းပိုက်ထားလိုက်တော့ မယ်
ကိုယ့် ချစ်သူ အလွမ်းမင်းသမီးလေးရေ…။

28.9.2010
ခေတ္တ နေပြည်တော်

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )