စိတ်စေရာ...
အတွေးတွေနဲ့ 
ကမ္ဘာအပြင်ဘက်...
လမ်းလျှောက်ထွက်....။
ခြုံကြားကနေ...
ဘုံဖျားတွေကိုရောက်...
ရေနောက်ထဲမှာခြေရာခံ....
အတိတ်ကို...
မြေလှန်နေမိတဲ့ အဖြစ်....။
အနာဂတ်ကိုမျှော်မှန်း...
ခြေတစ်လှမ်းနောက်ကျသူလို....
ပစ္စုပ္ပါန်က ဖရိုဖရဲနဲ့ ...။
လိုအပ်ခြင်းတွေမရှိသေးလို့ ....
တခနလေးလောက် ဘေးဖယ်မိတဲ့ 
အတိတ်ကအရိပ်တွေ ...
တစ္ဆေတွေလိုခြောက်လှန့် လို့ ...။
ငိုကြွေးပြလို့ ...
အပိုမပေးတော့ တဲ့ ....
အတိတ်ကအချိန်တွေ....
ခုများတော့ ....
လိုအပ်လို့ နေတယ်...။
မှားယွင်းခဲ့ လေသလား...
ေ၀၀ါးမှုနဲ့ စိတ်တွေ...
ခုများတော့ ....
ကယောင်ချောက်ခြားဖြစ်လို့ ...
တစ်နေ့ များတော့...
ပြန်ရနိုင်လေဦးမလားပေါ့  ……. ။
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။