Ads (728x90)

pCloud Premium


ကောင်မလေးရေ…. 
မွန်ကျပ်လွန်းတယ်ကွာ …..
နံနက်ခင်းအလင်းစက်
 တိုးထွက်လာတဲ့ နေခြည်
မိုးရေစက်လက်သစ်ပင် 
မှိုင်းညှို့ နေတဲ့ တောတန်း
လွမ်းမောစရာတပုံတပင် နဲ့  
ကိုယ့် အတွက်တော့ ....
နေရထိုင်ရခက်စေတယ်ကွာ…။

တပြည်တစ်ရွာ တနေရာကို
 စေရာအလုပ်နဲ့ လာခဲ့ ရပေမယ့်
တစ်နေရာကမင်းဆီမှာ 
အချိန်ပြည့် ခစားနေတဲ့  ကိုယ့် စိတ်တွေက
ဝတ္တရားမပျက်ခဲ့ ဘူးနော်…….။

၂၄ နာရီတစ်ရက် အလုပ်တွေကတရစပ်
မပြတ်တမ်းလုပ်နေရပေမဲ့  
ပင်ပန်းမှုဒဏ် ကိုယ်ခံနိုင်ခဲ့ တယ် 
ဒါပေမဲ့ …..
မင်းကိုလွမ်းတဲ့ ဒဏ် ကိုယ်မခံနိုင်ခဲ့ ဘူး
အနေဝေးလေပိုသတိရလေပါပဲ …..။

တစ်ရက်တာလေးဝေးတာကို 
တစ်သက်စာလောက်ခံစားရတဲ့ 
ကိန္နရီကန္နရာမောင်နှံအလွမ်းတောာင်
ကိုယ့် အလွမ်းကိုမှီနိုင်မယ်မထင်ဘူး
ယုံနေပေးပါ ချစ်သူကောင်မလေးရေ……
အနေဝေးလို့ သွေးအေးသွားသူစာရင်း
ကိုယ်ပျင်းလို့ တောင် မ၀င်စေရပါဘူး
ချစ်သူကောင်မလေးရေ…… ။

12.9.2010 နေ့ က ( နေပြည်တော်ရောက်တုန်းရေးသားထားပါသည် ) 

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )