Ads (728x90)

pCloud Premium

 

ကောင်မလေးရေ…..ငါမင်းကိုပြောပြမယ်
မနက်မိုးသောက်…..အလင်းရောက်လို.စတွေးမိတယ်…..မင်းအကြောင်းပဲ
နေ့ ဘက်ရောက်လို့ …ပြန်တွေးမိတယ်…မင်းအကြောင်းပဲ…..။
 
နေညိုချိန်ရောက်…အလင်းပျောက်လဲ
ထပ်တွေးမိတယ်…မင်းအကြောင်းပဲ
မိုးချုပ်ပြီးနောက်…သန်းခေါင်ယံရောက်
ငါတွေးမိတာ…မင်းအကြောင်းပဲ
အိပ်မရလို့ ….ကဗျာရေးတယ်
ဘောပင်ကျရာ…မင်းအကြောင်းပဲ…..နောက်ဆုံးကြတော့ …..
 
မိုးလင်းမိုးချုပ်…အလုပ်ရှုပ်လည်း
အချိန်နေရာ…မရွေးပါပဲ
အစဉ်အမြဲ…သတိရနေ…..တမ်းတနေတာ….
သက်ဆိုင်သူမင်း…..သိပါလေစ…….။
 
နောက်ဆုံးငါပိုင်ဆိုင်ခဲ့ တာ ..အသူတရာချောက်ထက်နက်တဲ့  မျက်ဝန်းတစုံ
မင်းအတွက်နဲ့ ..အရူးတပိုင်းဖြစ်နေခဲ့ တဲ့ ..စိတ်တခုကို ငါရခဲ့ တာပဲ ..
ဘယ်လိုဖြေဖြေ ဖြေလို့ မရတဲ့  အလွမ်းစိတ်နဲ့ 
မင်းအကြောင်းတွေ ကဗျာစပ်လို့  ရေးနေခဲ့ တာပဲ လေ
 
စာတစ်အုပ် ဘောပင်တစ်ချောင်းနဲ့ 
ဆေးပြင်းတစ်လိပ်ရှိနေသ၍
မင်းအကြောင်းတွေ..ကဗျာဖြစ်နေဦးမှာပါပဲလေ….။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )