Ads (728x90)

pCloud Premium


အရမ်းလွမ်းတယ်ချစ်သူ….
ကျောက်ဆောင်နဲ့ တူတဲ့ နှလုံးသား
အလွမ်းလှိုင်းတံပိုးဒဏ်မခံနိုင်ဘူးဖြစ်နေပြီ
မှိုင်းပြာရီဝေနေတဲ့ တောတန်းလေးကိုမြင်ရတာ
ကိုယ့် အလွမ်းတွေကိုပိုပြီးတိုးပွားစေတယ်ချစ်သူ...။

ချစ်သူကိုလွမ်းတိုင်းသီဆိုနေတဲ့ သီချင်းတွေတောင် 
ကိုယ်တိုင်ရေးတဲ့ ကာရန်ချို့ တဲ့  တဲ့ ကဗျာတွေလိုပါပဲ
 နှစ်လိုဖွယ်ကောင်းတယ်ထင်ရပေမဲ့  
တကယ်တမ်းအသက်မဲ့ နေခဲ့ တာ
ကိုယ်ကိုတိုင်ပဲသိပါတယ်ချစ်သူရယ်….. ။

တခဏတာလေးခွဲရတယ်ဆိုတာသိပေမဲ့ 
တစ်ဘဝစာခွဲနေရတယ်ထင်ရလောက်အောင်
အရမ်းကိုလွမ်းတယ်ချစ်သူ တစ်ဘဝစာသာခွဲရမယ်ဆိုရင်တော့ ဖြင့် …
အိုကွာ….တွေးတောင်မတွေးရဲတော့ ပါဘူး 

ချစ်သူရယ်…
ခုချိန်မှာတော့  လွမ်းရတဲ့ ရက်တွေကိုလက်ချိုးရေလို့  
ကိုယ်တမ်းတတဲ့ မင်းဆီကိုအရောက်ပြန်လာဖို့ 
ကိုယ် ကြိုးစားနေပါတယ် 
ချစ်သူရေ…ကမ်းလင့် တဲ့ လက်နှစ်ဖက်နဲ့ သာကြိုနှင့် ပါတော့ 
အလွမ်းမင်းသားလေးမင်းဆီ အရောက်ပြန်လာတော့ မှာပါ 
ကိုယ်လာမယ့်လမ်း မျှော်မှန်းလို့ သာ
စောင့် စားနေပါတော့  
မဝေးတော့ တဲ့ တစ်နေ့ ချစ်သူရှေ့ မှောက် အခစားရောက်နိုင်ဖို့ 
အခုတော့  ကိုယ်ကြိုးစားနေဆဲပါချစ်သူ…..၊၊

Post a Comment

Blogger Disqus
  1. The Best Casinos in USA - APRCasino
    It is ventureberg.com/ one https://jancasino.com/review/merit-casino/ of the https://septcasino.com/review/merit-casino/ most well-known casino casinos, www.jtmhub.com and it is owned and operated by the Rincon Band of aprcasino Luiseno Indians. There are over 100 different

    ReplyDelete

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )