Ads (728x90)

pCloud Premium


အမှတ်တရ ဖြစ်စေတဲ့နေ့ ရက်လေးပါချစ်သူရယ်…… 
နေ့ ရက်တွေပြောင်းလဲသွားလည်း
နာရီမိနစ်စက္ကန့် မလပ် အချိန်တိုင်းပဲသတိရနေတာပါ..
ပြန်မဆုံနိုင်ဘူးဆိုတာ သိထားပေမဲ့ ကိုယ့် ရင်မှာ
မျှော်လင့်ချက်လေးတွေရှိနေပါသေးတယ်….
ဒါကို သက်ဆိုင်သူမင်းကတော့သိမှာမဟုတ် ဘူးနော်…..။

ဒီနေ့ ရက်လေး ကိုရောက်လာရင်
မင်းကို ပိုပြီးတော့သတိရစေတယ်…
ပြန်မဆုံနိုင် တဲ့လမ်းပေါ်မှာ 
အတူတူကျောခိုင်းလျှောက်ခဲ့ပေမဲ့
တကယ်တမ်းကြေကွဲ ၀မ်းနည်း  နေခဲ့ရတာ က ကိုယ်ပါ ချစ်သူရယ်…..။

မင်း သိနိုင်မယ် ဆိုရင် 
ကိုယ်မင်းအပေါ်မှာထားတဲ့အချစ်စိတ် 
မပြယ်သေးဘူးဆိုတာ
သိစေချင်ပါသေးတယ်….
တစ်ယောက်ထဲနေခဲ့ ရတဲ့ အချိန်တွေကို 
ကုန်ဆုံးစေချင်နေမိတယ်
အမြန်ပြန်လာပါ ချစ်သူရယ်………။

ခုဆို..
ချစ်သူ များရဲ့ နေ့  ဆိုတာ ရောက် လာပြန်ပြီ နော်
ကိုယ်နဲ့ မသက်ဆိုင်သလိုပဲ  ထင်နေမိတယ် ချစ်သူရယ်….
ဒီနေ့ လေးကို ကိုယ်နဲ့ သက်ဆိုင်ခွင့်လေး ပေးလှည့် ပါနော်
မျှော်လင့် လျှက်ပါချစ်သူ……..။

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )