Ads (728x90)

pCloud Premium


 ♥ အရှုံးမရှိချင်ပါဘူးချစ်သူ…
အပြုံးပဲရှိတဲ့ မင်းမျက်နှာကိုမြင်ချင်ခဲ့ တာပါ
ခုချိန်မှာ ကျောက်ရုပ်မဟုတ်တဲ့ 
ငါ…အရည်ပျော်သွားပြီလေ….
နူးညံ့ တဲ့ စကားလုံးတွေနဲ့ ချိုသာတဲ့ မင်းရဲ့ 
အသံ ငါနာခံလို့ မဝနိုင်တော့ ဘူးလေ….
အပြုံးနဲ့ ကြည်နူးနေတဲ့ မင်းမျက်နှာကို ငါ
ထာဝရမော်ဖူးချင်ပါတယ်
ငါ့ ကိုမင်းအနားထာဝရနေခွင့် ပေးပါချစ်သူ…..♥
♥ ..သုံးစားလို့ မရတော့ ဘူးထင်ထားတဲ့ နှလုံးသားက
အသစ်တဖန်နိုးထလို့ ရှင်သန်လာပြီလေ….
ပျော်ရွှင်မှုဆိုတာတွေရှိလာတဲ့ နောက်…မျှော်လင့် ခြင်းဆိုတဲ့ 
ရောင်ခြည်တွေသန်းလာတော့ မှာပါ….♥
♥ ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ
နေခြည်နွေးနွေးလေးနဲ့ ထာဝရလက်တွဲသွားနိုင်ဖို့ 
ငါ အိမ်မက်တွေဆက်မက်လို့ ရပြီလေ…
♥..ချစ်သူရေ..♥
♥ အတိုင်းမသိပျော်ရွှင်ရပါတယ်..
မင်းရဲ့  ဥပေက္ခာကန္တာရအလယ်မှာ ညှိုးလျော်ခြောက်သွေ
့သေဆုံးခါနီးနေတဲ့ 
ငါ့ နှလုံးသားသစ်ပင်ကို မင်းရဲ့  အချစ်ရေစင်နဲ့ ဖျန်းပက်ပေးခဲ့ လို့ ပါ.
ချစ်သူ.. မင်းရဲ့ ကျေးဇူးကို
ငါ့ ဘဝနဲ့ ရင်းပြီး..မင်းအနားမှာထာဝရသစ္စာရှိပြီး
ချစ်နေပါ့ မယ်ဆိုတဲ့ ကတိနဲ့  ငါ မင်းကျေးဇူးကို..
ဆပ်ပါရစေချစ်သူ…♥ ♥ ♥

Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )