Ads (728x90)

pCloud Premium


တိတ်ဆိတ်ညမှာ….အတွေးတွေနဲ့ 
ယောက်ယက်ခတ်တယ်..ငါ့ အဖြစ်ပေါ့
တွေးမိလိုက်တိုင်း……မင်းအကြောင်းပဲ
ဖြစ်ဖြစ် နေတော့ …ငါ့ တယောက်ထဲ
ရူးချင်လာပြီ…ချစ်သူရေကယ်တင်လှည့် ပါ……။
နေ့ ခင်းဘက်လည်း…..အလုပ်လုပ်ရင်း
မင်းအကြောင်းပဲ……တွေးမိတာပဲ
တကယ်ဆိုရင်……ကြမ်းတမ်းလှတဲ့
ငါ့ ဘ၀ထဲ…..ခေါ်ချင်ပေမဲ့ 
မခေါ်ရက်ခဲ့ …..ငါ့ အဖြစ်ပေါ့ …….။
ရွှေဘုံမှာစံ…..ရွှေပန်းကန်နဲ့ 
ရွှေထမင်းစား….မွေးဖွားလာတဲ့ မင်းကို
ကြမ်းတမ်းလှတဲ့ ….ငါ့ ရဲ့ ရင်ခွင်
ခိုဝင်ဖို့ ရာ…..ခေါ်ဆောင်ချင်တဲ့ 
ငါ့ ရဲ့လက်ကို…..ငါ ဖြတ်လို့ သာပြစ်လိုက်ချင်တယ်။
ဒါပေမဲ့… နူးညံ့တဲ့ နှလုံးသားနဲ့ ချစ်တတ်တဲ့ 
စိတ်ကလေးရှိတဲ့ ငါ့ ဘ၀မှာ.. မင်းကို
ထာဝစဉ် လိုအပ်နေတယ် လေ………။
~~~လွမ်းဝေ(ရွှေဘို)~~~ 


Post a Comment

Blogger Disqus

blogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။

pCloud Premium

Followers Member ( ဒီမှာတင်တာတွေကို သဘောကျရင် Follow လေးကိုနှိပ်ပြီး Join ထားပါ )